ယင်းမာပင်မြို့တွင် (၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ယင်းမာပင် နိုဝင်ဘာ ၇

ယင်းမာပင်မြို့တွင် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၆)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန်ဘုရားကျောင်းတိုက်ဆရာတော် ဦးပညာစက္ကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေပေးခဲ့သည်။ ထို့နောက် ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က ဌာနနှစ်ပတ်လည်နေ့ ကျင်းပရခြင်းကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဇင်မင်းဌေးက ဌာနသမိုင်းကြောင်းကိုလည်းကောင်း၊ ထွေ/အုပ် အငြိမ်းစားဝန်ထမ်း ဦးမြင့်သန်းက နှစ်ပတ်လည်နေ့ ဂုဏ်ပြုဩဝါဒစကားပြောကြားကြပြီး ဝန်ထမ်းဟောင်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်