ပဲခူး နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းသည် ယမန်နေ့က တိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုပ်စာကြည့်တိုက်များနှင့် ရှင်သန်နေသည့် စာကြည့်တိုက်များအတွက် သုတ၊ ရသစာအုပ်များအား စာကြည့်တိုက်များရှိရာ နေရာများသို့သွားရောက်၍ ဖြည့်တင်းလှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ သုတ၊ ရသစာအုပ်များ လှူဒါန်းပေးရာတွင် ရေကြီးနစ်မြုပ်ခဲ့သော ပဲခူးမြို့စာပေဥယျာဥ်စာကြည့်တိုက်အတွက် စာအုပ်(၂၀)၊ စာပေဗိမာန်စာကြည့်တိုက်အတွက် အုပ်ရေ(၄၃)အုပ်၊ အ.လ.က(ခွဲ) လိပ်ပြာကန်စာကြည့်တိုက်အတွက် အုပ်ရေ(၅၀)၊ အထက(၃)စာကြည့်တိုက်အတွက် အုပ်ရေ(၅၀)၊ အ.ထ.က(၁)စာကြည့်တိုက်အတွက် အုပ်ရေ(၅၀)၊ အ.လ.က(ခွဲ)အိုးဘိုအတွက် အုပ်ရေ(၄၀)၊ အ.ထ.က(ခွဲ)ပုဏ္ဏားစုအတွက် အုပ်ရေ(၄၀)၊ မူလွန်ဆိုရှယ်လစ်တောင်ကျောင်းအတွက် အုပ်ရေ(၃၀)၊ ဥဿာ-၆ အ.လ.က(ခွဲ)အတွက် အုပ်ရေ(၃၀)၊ အင်းတကော်စာသူငယ် အ.လ.က(ခွဲ)အတွက် အုပ်ရေ(၄၀)၊ ကဝမြို့နယ် ပင်ကလောင် အ.လ.က(ခွဲ)အတွက် အုပ်ရေ(၅၅)အုပ်တို့အား သက်ဆိုင်ရာစာကြည့်တိုက်များရှိရာ နေရာများသို့ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်၊ စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)၊ အတွင်းရေးမှူး ဦးကျော်မင်းနိုင်နှင့် အဖွဲ့ဝင်များမှ သွားရောက်၍ လှူဒါန်းပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စာကြည့်တိုက်များနှင့် ရှင်သန်နေသည့် စာကြည့်တိုက်များအနေဖြင့် သုတ၊ ရသစာအုပ်များ ဖြည့်တင်းပေးရန်လိုအပ်ပါက ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း တာဝန်ရှိသူများနှင့်ဆက်သွယ် ရယူနိုင်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)