တောင်ငူ နိုဝင်ဘာ ၇
ပဲခူးတိုင်ဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမတွင် အငြိမ်းစားဝန်ထမ်းများအား ကန်တော့ပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားသို့ အငြိမ်းစားဝန်ထမ်း(၃၅) ဦးတက်ရောက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါအငြိမ်းစားဝန်ထမ်းများအား ရှိခိုးကန်တော့ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်အပ်လှူဒါန်းခဲ့ကြသည်။
တောင်ငူမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အာရုံဆွမ်းဆက်ကပ်လောင်းလှူခြင်း၊ မြစည်းခုံစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းများကို ယမန်နေ့များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)