ပေါက်ခေါင်းမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)ကြိမ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပေါက်ခေါင်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအထိမ်းအမှတ်အခမ်းအနားတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူ‌မောင်က (၃၅)ကြိမ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အမှာစကားနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်‌ပေါ်လာပုံ သမိုင်းအ‌ကြောင်းအရာများကိုရှင်းလင်း‌ပြောကြားသည်။ ဆက်လက်၍ နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့်ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးသူမောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဒုတိယဦးစီးမှူးများက ဆုများပေးအပ်ခဲ့သည်။ ယင်း‌နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတစ်ဦးချင်းစီအား လက်ဆောင်ပစ္စည်းများ ‌ မဲနှိုက်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)