အမာမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်

အမာ နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့  မြို့အတွင်း သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်အောင်နှင့် တာဝန်ရှိသူများက ပွင့်လင်းရာသီအမီ မြို့အင်္ဂါရပ်နှင့် အညီ သစ်လွင်တောက်ပစေရေး၊ မြို့သာယာလှပစေရေးအတွက် မြို့ဝင်/မြို့ထွက်ရှိ ဆိုင်းဘုတ်များ၊ နေသူရိန်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ၊ ယာများရှိ ခြုံနွယ်များ ရှင်းလင်းခြင်း၊ ပန်းရုံများအလှဖော်ခြင်းစသည့်  မြို့သန့်ရှင်းသာယာ လှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြပြီး၊ ရုံးဌာနဆိုင်ရာများနှင့် အများပြည်သူများကိုလည်း မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်​ပေးကြရန် လိုက်လံ အသိပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမာမြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

အမာ(ပြန်/ဆက်)