ကြံခင်း နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ကလေးမွေးဖွားမှုနှင့် သေဆုံးမှု လျော့ချရေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်က မိခင်ကလေးမွေးဖွားမှုနှင့် သေဆုံးမှုလျောချရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဟောပြောရာ ကိုယ်ဝန်ဆောင်မိခင်များ၏ နေထိုင်မှု၊ သတ်မှတ်အစာအုပ်စုအား စနစ်တကျအာဟာရပြည့်ဝစွာ စားသုံးမှုနှင့် မွေးကင်းစ ကလေး အာဟာရတိုက်ကျွေးခြင်းဆိုင်ရာ အချက်(၄)ချက်နှင့် မွေးဖွားလာသော ကလေးများအား သေဆုံးမှုမရှိစေရန် မွေးစမှစ၍ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပြုစုစောင့်ရှောက်ရမည့် အချက်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားပြီးမိခင်များကို အာဟာရ ပြည့်ဝစေရန် ကြက်ဥနှင့် ပေါင်မုန့်များပေးဝေကာ တက်ရောက်လာကြသော မြို့နယ်ကျန်းမာရေးမှ တာဝန်ရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား ဆပ်ပြာမှုန့်ထုပ်များ ပေးဝေခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)