မင်းလှ နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနက အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရန်နှင့် ဆုချီးမြှင့်ပေးရန်ရည်ရွယ်၍ မူလတန်းနှင့်အလယ်တန်းအဆင့် သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်စာမေးပွဲကို အ.ထ.ကမင်းလှ (မြို့ပြင်)ကျောင်း၌ နိုဝင်ဘာ ၇ ရက်နံနက် ၈ နာရီချိန်က ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။
ထူးချွန်စာမေးပွဲတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၅၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ဒုတိယမြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သန္တာမိုးနှင့်ကျောင်းအုပ်ဆရာ ကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများကြီးကြပ်၍ ရေးဖြေ၊ နုတ်ဖြေစာမေးပွဲကျင်းပခဲ့သည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများမှ တိုင်းအဆင့်အတွက် အတန်းတစ်တန်းလျှင် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးနှုန်းဖြင့် စုစုပေါင်း (၂၀)ဦးရွေးချယ်ကာ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ