ငပုတောမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်း ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ငပုတော နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်းကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ ဝေဠုဝန်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဝဏ္ဏသာမိ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဇာယ်တော်မူအပ်သော မေတ္တာသုတ်အစရှိသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ဇနီး ဒေါ်နီလာထွန်းနှင့် ဝန်ထမ်းများက ဆက်ကပ်လှုဒါန်းသည့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှုဒါန်းကြပြီး အနုမောဓမာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)