ကံမ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး နောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ဒုတိယဦးစီးမှူးဒေါ်သိမ့်သိမ့်ကျော်က ဖတ်ကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း မိသားစုဝင်ကျောင်းသူတစ်ဦးနှင့် နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီး၌ ဖွင့်လှစ်သည့် သင်တန်းများတွင် တက်ရောက်ပြီး ထူးချွန်အရာထမ်း အမှုထမ်း (၃) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား အမှတ်တရ တူညီဝတ်စုံပေးအပ်ခြင်းနှင့် ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)