၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ အုတ်တွင်း၌ ကျင်းပ

အုတ်တွင်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.ကအုတ်တွင်းနှင့် အ.လ.က(ခွဲ)ပဲခူးလမ်းကျောင်းတို့တွင် ကျင်းပသည်။

အဆိုပါမြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 ကျောင်းသားကျောင်းသူ ၄၈ ဦး၊ Grade-6 ကျောင်းသားကျောင်းသူ ၄၉ ဦး၊ Grade-7 ကျောင်းသားကျောင်းသူ ၂၈ ဦး၊ Grade-8 ကျောင်းသားကျောင်းသူ ၃၆ ဦး၊ Grade-9 ကျောင်းသား ကျောင်းသူ ၄၀ ဦး စုစုပေါင်းကျောင်းသားကျောင်းသူ ၂၀၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြပြီး တာဝန်ရှိဆရာ ဆရာမများက လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းပြည့်မီသည့် ကျောင်းသားကျောင်းသူများသည် တိုင်းဒေသကြီးအဆင့်သို့ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)