မြို့ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပုသိမ် နို၀င်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင် များက မြို့သန့်ရှင်းသာယာလှပရေး၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကမ်းခြေဒေသများ သန့်ရှင်းသာယာမှုရှိစေရေးအတွက် ဆောင်ရွက်ရေး၊ ​ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး ကိစ္စရပ်များ၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးကိစ္စရပ်များ၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရေး၊ ထူးခြားဖြစ်စဥ်သတင်းများ ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ပေးပို့တင်ပြရေး၊ ဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)