ညောင်တုန်းမြို့နယ်၌ ဆင်းသုခ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က တူးချောင်းကျေးရွာရှိ နွေစပါးစံကွက် စိုက်ခင်းတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တူးချောင်းကျေးရွာရှိ တောင်သူဦးထွန်းရီ၏ ကွင်းအမှတ် (၄၀၉)၊ ဦးပိုင်အမှတ် (၁၄၅/၂)ရှိ ဆင်းသုခမျိုးစပါး (၅.၀၀)ဧကစိုက်ခင်းတွင် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းရာ စပါးအခြောက်အထွက် (၁၁၅)တင်း ထွက်ရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)