တောင်ငူ နိုဝင်ဘာ ၇
ပဲခူးတိုင်ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ညနေ ၄ နာရီအချိန်က တောင်ငူအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဌာန၌ စုပေါင်းသွေးလှူဒါန်းမှုများ ပြုလုပ်သည်။
သွေးလှူဒါန်းမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများနှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
တောင်ငူမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်း(၆)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် မြစည်းခုံစေတီတော်မြတ်ကြီးတွင် နိုဝင်ဘာလ ၄ ရက်နေ့က စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်