စလင်းမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

စလင်း နိုဝင်ဘာ  ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ပေါ် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဆေးဆိုင်များအား မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးကွက်အတွင်း စားသုံးရန်မသင့်သည့် သက်တမ်းလွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါး  ကုန်ပစ္စည်းများကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်​နေ့ နံနက်၉နာရီအချိန်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွန့်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒုဦးစီးမှူး  ဦးဟိန်းထက်နေဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား အသိပေးရှင်းလင်းပြောကြားရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုဦးတည်ချက်နှင့် အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲရသည့်ဆေးဝါးများ အရည်အသွေးပြည့်မီ၍ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်အညီ ပို့ကုန်တင်သွင်းကုန်ပစ္စည်းများအား စျေးကွက်နမူနာကောက်ယူ၍ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ရက်လွန်လလွန်၊ သက်တမ်းအလွန်နှင့် တား​မြစ်​ ဝါးများစျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် သိပညာပေးခြင်းဖြင့်  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း  ဆောင်ရွက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း