(၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ ကျင်းပ

မင်းဘူး နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့၌ (၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝတဒါနစုပေါင်းငါးလွှတ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မင်းဘူး(စကု)မြို့ ဧရာဝတီမြစ်ဆိပ်တွင် ကျင်းပသည်။

အခမ်းအနားသို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် နှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး (၃၅) ကြိမ်မြောက် ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီး ငါးမျိုးစိတ်ကောင်ရေ ၅၀၀၀၀၊ စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀ အား ဇီဝိတဒါနအဖြစ် ဧရာဝတီမြစ်အတွင်းသို့ တစ်ပျော်တစ်ပါး စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများကို ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၅) ကြိမ်မြောက် ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ် နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ 

မင်းဘူးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများသို့ သွားရောက်ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ အန္တရာယ် ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ မြစ်/ချောင်း၊ ဆည်တမံသဘာဝရေပြင်အတွင်း ဇီဝိတဒါနငါးမျိုးစိုက်ထည့်ပေးခြင်းတို့ကို နှစ်စဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်ထွန်းဝင်းထံက သိရသည်။

ခရိုင်(ပြန်/ဆက်)