စလင်း နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင်(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ပျော်ပွဲရွှင်ပွဲတစ်ခုအနေဖြင့် မြန်မာ့ရိုးရာအားကစားနည်းများမှ ထုပ်စည်းထိုးခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူးတို့က ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးစာရေးဝန်ထမ်းများမှ အားပေးကြည့်ရှုခဲ့ကြသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာ(၄)ရက်နေ့မှစတင်ကာ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ၊ တတိရဆုကိုအုပ်စု(၆)အသင်း၊ ဒုတိယဆုကို အုပ်စု(၅)အသင်းနှင့်ပထမဆုကိုအုပ်စု(၁)အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပြီး၊ ထုပ်စည်းထိုး အမျိုးသမီးပြိုင်ပွဲကို ဆက်လက်ယှဥ်ပြိုင်ခဲ့ရာ ဆုရရှိသည့် အမျိုးသမီးထုပ်စည်းထိုးအသင်းနှင့် ပိုက်ကျော်ခြင်းဆုရအားကစားသမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌမှ အသီးသီးဆုများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)