ကျွန်းစု နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက သံဃာ တော်အရှင်သူမြတ်တို့အား သြကာသ ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ) ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း၊ နေ့လယ်ပိုင်းတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများအား ဧည် ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)