ဘုတ်ပြင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး အသိပညာပေးဟောပြောပွဲကျင်းပ

ဘုတ်ပြင်း   နိုဝင်ဘာ      

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အမျိုးသမီးများအား မျိုးဆက်ပွား ကျန်းမာ ရေးအသိပညာပေး ဟောပြောပွဲကို  ယမန်နေ့က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ဘုတ်ပြင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က မြန်မာအမျိုးသမီး အိမ်ရှင်မများအနေဖြင့် မျိုးဆက်ပွားကျန်းမာရေးအသိပညာ ဗဟုသုတများရရှိစေရန်နှင့် မလိုလားအပ်သည့် ကျန်းမာရေးဆိုးကျိုးများမဖြစ်ပွားစေရန် သိသင့် သိထိုက်သည့် ကျန်းမာရေးအသိများ ရရှိစေရန်စသည့် အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်သည်များ ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ခင်သန္တာဦးက အမျိုးသမီးများအနေဖြင့် မျိုးဆက်ပွားခြင်းဆိုင်ရာကျန်းမာရေးပြဿနာများနှင့်သားဆက်ခြားဆိုင်ရာ ကျန်းမာအသိပညာ ပေးနည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ဌာနဆိုင်ရာဝန်ထမ်းအမျိုးသမီးများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)