ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ဘုတ်ပြင်း နိုဝင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းများအား ရှင်းလင်းပြောကြားသည်။ ယင်း နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းဆောင်ရွက်ချက်များအား Vedio  Clip ကို ပြသရာ အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း(၅)ဦးအား ဘုတ်ပြင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တို့က အသီးသီး ပေးအပ်ခဲ့ပြီး  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ဖောင်ကြီး အုပ်ချုပ်မှု စွမ်းရည်မြှင့်မားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းသား/ သင်တန်းသူ စံပြဆုရရှိသူ(၂)ဦးအား ခရိုင်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရရှိသည့် အသင်းအား ခရိုင် အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ဒုတိယဆု ရရှိသည့် အသင်းအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်ကလည်းကောင်း၊ တတိယဆု ရရှိသည့်အသင်း အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးတို့က ဆုများ အသီးသီးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အရာထမ်း၊ အမှုထမ်းများ ၊ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)