ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျောင်းကုန်း နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းမှုဖြင့်  မြို့မဈေးကြီးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ရှေးဦးစွာ Foam ဆေးရည်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေကိုအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းတို့ကို မြို့နယ်သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် ဝန်ထမ်းများ မြို့မဈေး ကြီးကြပ်ရေးအဖွဲ့များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)