တမူးခရိုင် လူထုအခြေ​ပြုဗဟိုဌာနတွင်ဝန်ထမ်းများ အပတ်စဥ် စာဖတ်ဝိုင်း ပြုလုပ်

တမူး နိုဝင်ဘာဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးနှင့် အ​တွေးအ​မြင်သစ်များ တိုးတက်လာစေ​ရန်အတွက် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် ကဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများအပြင် စာပေဖတ်ရှု​လေ့လာခြင်းအားဖြင့် ပြင်ပဗဟုသုတများနှင့် အတွေးအခေါ် အမြင်သစ်များရရှိလာ​စေရန်၊ မိမိဖတ်ရှုထားသည့်စာအုပ်များထဲမှ ဗဟုသုတများကို အခြားသူများထံသို့ ထပ်ဆင့်မျှဝေ ဆွေးနွေးတတ်စေရန်အတွက် အပတ်စဥ်    စာဖတ်ဝိုင်း​ ပြုလုပ်ရ​​ခြင်း​ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဥမ္မာစိုးက စာရေးဆရာဖေမြင့် ရေးသားထားသည့် "မည်သို့ပင် ဖြစ်စေ" ဘဝရပ်တည်ရှင်သန်ရေး အတွေးအခေါ်နှင့် နည်းလမ်းကောင်းများ စာအုပ်မှ "ဘဝမှာ အကောင်းဆုံး နေထိုင်တတ်ဖို့" ခေါင်စဥ် အကြောင်းအရာအား ဖတ်ကြားခဲ့​ပြီး ဝန်ထမ်းများက စာအုပ်မှရရှိလာသည့် ဗဟုသုတများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်တို့ကို ရည်ရွယ်၍ အပတ်စဥ်သောကြာနေ့တိုင်း စာဖတ်ဝိုင်းများ ဆောင်ရွက် နေသည့်အပြင် စာပေချစ်သူများအဖွဲ့များနှင့် စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ကလေးများအတွက် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွတ်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ