ကန့်ဘလူ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ ဆီကုန်သည်များနှင့် ပူးပေါင်းပြီး ယနေ့နံနက် ၇ နာရီက စည်ပင်သ ယာခန်းမ၌ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားကို ၂၆၀၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး လူဦးရေ ၁၅၅၀ ဦးအတွက် စားအုန်းဆီ ၇၇၅ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ဝန်ထမ်းများက လာရောက်ပြသူ ဝေဒနာရှင်များအား အခမဲ့ ကျန်းမာရေး စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)