ဟိုင်းကြီးကျွန်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်(၅)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ကြွရောက်လာသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္တု အစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ဆရာတော်ဘုရားများထံမှ ငါးပါးသီလ တော်မြတ်ကို ခံယူဆောက်တည်ပြီး အနုမောဒနာတရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)