ဘုတ်ပြင်း နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၅:၃၀) အချိန်က မြို့နယ်သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ဘုတ်ပြင်းမြို့ ကောပတ်တောသိရီမင်္ဂလာတပ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တဇဝနထံမှ ငါးပါးသီလ ဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် ဝန်ထမ်းများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး အောင်မေတ္တာတောရကမ္မဋ္ဌာန်း ကျောင်းတိုက် ဓမ္မကထိက ဆရာတော် အရှင်ကေလာသ ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှူ အစုစုအား ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)