ဟုမ္မလင်း နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က လူထုအခြေပြု (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပြိုင်ပွဲတွင် ကျောင်းသား/သူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အပြောစွမ်းရည်၊ ကိုယ်ရည် ကိုယ်သွေးထက်မြက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/သူများက စကားပုံဆက် ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)