ကော့သောင်းမြို့နယ်တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃)စတင်ဖွင့်လှစ်

ကော့သောင်း နိုဝင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁/၂၀၂၃)ကို ယနေ့နံနက် ၉ အချိန်က ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် သင်တန်းကာလအတွင်း အချင်းချင်းစည်းလုံးညီညွှတ်မှုဖြင့်  ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်တတ်စေရန်၊ အရေးပေါ်အခြေအနေတွင် ကျန်းမာရေးစောက်ရှောက်တတ်စေရန် အစရှိသည်တို့ကို သက်ဆိုင်ရာဌာနများက အသီးသီးသင်ကြားပေးမည်ဖြစ်၍ အကောင်းဆုံးလေ့လာသင်ယူကြရန် ပြောကြားခဲ့သည်။

ထို့နောက် စစ်ဗျုဟာအခြေချ ကော့သောင်းမှ ဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှ သင်တန်းသူသင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချိုက ဆေးဝါးနှင့်လိုအပ်သည့်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာလ()ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ သင်တန်းသူ/သင်တန်းသား (၅၀)ဦးတို့ဖြင့် ရက်သတ္တ()ပတ်ကြာအောင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)