ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြောင်းမြခရိုင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီစိုက်ပျိုးမည့် သစ်စိမ်းမြေသြဇာ  မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံနှင့် နယူးဧရာမျိုးစပါးများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မြောင်းမြ  နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်  မြောင်းမြမြို့နယ်၊ အ..က ()၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မြောင်းမြခရိုင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီစိုက်ပျိုးမည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ၊ မြေပဲ)နှင့် နယူးဧရာမျိုးစပါးများ ပေးအပ်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် ၁၁:၀၀ အချိန်က တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပါသည်။  မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက မြောင်းမြခရိုင်အတွင်း စိုက်ပျိုးရေးကိစ္စများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မှူး ဦးကျော်မိုးဝင်းက တောင်သူများအား မျိုးစေ့များပေးအပ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပါသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူများအား အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး  တောင်သူများအား ပိုက်ဆံလျော်၊ နေကြာ၊ မြေပဲ၊ နယူးဧရာမျိုးစပါးများကို ပေးအပ်ရာ တောင်သူများက လက်ခံရယူပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာမြို့နယ်များမှ  တောင်သူများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ  တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)