သံတောင်ကြီး နိုဝင်ဘာ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သော ကျောင်းသူများအား (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တောပြာကြီးကျေးရွာဘုရား ကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အသက် (၉)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသူများ၏ စာရင်းများ မှတ်တမ်းရေးသွင်းခြင်း ၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး စနစ်တ ကျထိုးနှံပေးပြီး သံတောင်ကြီးမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသူ များကို သက်ဆိုင်ရာ ကျေးရွာများအလိုက် စုရပ်များ သတ်မှတ်ကာ ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးထံက သိရသည်။
နော်လော်မူ(ပြန်/ဆက်)