သရက်ချောင်း နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၅၅)၊ ဦးပိုင်(၂၉) တောင်သူ ဦးလူဖြူ၏ မိုးစပါး (Seeder )စိုက်နည်းစနစ် စံပြကွက် (၂)ဧကရှိ ဆင်းသုခ စပါးအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ (၆.၆)ပေ စံပြကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အစိုအထွက် တင်း(၉၃.၇၅)တင်းထွက် ရှိခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)