သံတောင်ကြီးမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်တွင်    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲကို    ယမန်နေ့နံနက် (၉) နာရီအချိန်က   သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် ပြိုင်ပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊  ဆရာ/ဆရာမများ ကြီးကြပ်ပြီး    သံတောင်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှမှ   မူလတန်း၊    အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၃၇)ဦး၊  သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျောင်းသူ/ ကျောင်းသား (၃၇)ဦး စုစုပေါင်း ကျောင်းသူ/ကျောင်းသား(၇၄)ဦး     ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း   မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

နော်နော်မူ