၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မုံရွာ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲများကို နိုဝင်ဝင်ဘာ ၂ရက်နေမှ စတင်ပြီး နိုဝင်ဘာ ၈ ရက်နေ့အထိ  စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက  မုံရွာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်‌စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲများကို  နိုင်ငံတော်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ပေးအပ်ထားတဲ့ တာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အရှေ့တောင်အာရှမှ အာရှ၊ အာရှမှ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးဟူသော တာဝန်ကြီး (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြတ်ပြီး အရည်အချင်း ပြည့်ဝသော လူငယ်မောင်မယ်များ ဖြစ်လာစေရန် ငယ်ရွယ်စဉ်ကပင် ကျန်းမာကြံ့ခိုင်ရန် လိုအပ်ပါကြောင်း၊ ငယ်ရွယ်စဉ်အချိန်မှစ၍ အားကစား တစ်မျိုးမျိုးကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာပြီး နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည့် အနာဂတ် သူရဲကောင်းများ မလွဲမသေ ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ ယနေ့ လူငယ်အများစုဟာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်၊ ကွမ်းစသည့် ကျန်းမာရေးဆိုးကျိုးနဲ့ အစားအစာတွေမှာပါတဲ့ ဓာတုဆေးဝါးတွေရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ၊ ဖုန်းသုံးစွဲခြင်းရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက်  ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ အားကစားတစ်ခုခုကို လေ့ကျင့်လိုက်စားဖို့ မဖြစ်မနေ လိုအပ်လာပါကြောင်း၊ ထို့ကြောင့် အားကစားကို လေ့ကျင့်လိုက်စားပြီး ကျောင်းသားလူငယ်များ ကြံ့ခိုင်မှုရှိလာစေရန် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင် အား/ကာဦးစီးဌာနသည် ခရိုင် dovress form ပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့ မှ (၈)ရက် နေ့ထိ အားကစားနည်း (၆)နည်း ရွှေတံဆိပ်စုစုပေါင်း (၂၇)ခု၊ ကျောင်းပေါင်း (၈) ကျောင်းနဲ့ အားကစားသမားပေါင်း (၂၄၀)ဦးဖြင့်  ကျင်းပပေးလျက်ရှိပြီး အမျိုးသား/အမျိုးသမီး ဘောလုံးဖူဆယ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အားကစားမောင်မယ်များ စိတ်ပါဝင်စားစွာ အသီးသီး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့်အပြင်  ပြေးခုန်ပစ်ပြိုင်ပွဲတို့၌ ကျား/မ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ မီတာ၁၀၀×၄ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်၊ သံပြားဝိုင်းပစ်၊ သံလုံးပစ်၊ လှံတံပစ် တို့တွင်လည်း သက်ဆိုင်ရာ ကျောင်းကိုယ်စားပြု အားကစားသမားများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊  ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများ ထိုက်ထိုက်တန်တန် ပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)