လပွတ္တာမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွေးနဒီခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ မိန့်ခွန်း‌ပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအား အဖွဲ့ဝင်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ မီးငြှိမ်းသတ်ရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းသို့ သင်တန်းသား (၁၀၀)ဦး တက်ရောက်ပြီး တူညီဝတ်စုံများပေးအပ်သည်။

သင်တန်းဖွင်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်  ပြန်/ဆက်