ဟင်္သာတခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ဟင်္သာတ  နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့်ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မွန်မြတ်သော   သွေးလှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

သွေးလှူဒါန်းရာတွင် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက သွေးလှူဒါန်းသော ဝန်ထမ်းများ၏ သွေးအမျိုးအစားများအား စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်နှင့်လိုအပ်သော စစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီးသွေးလှူဒါန်းခြင်း လုပ်ငန်းကို ဆက်လက်ဆောင် ရွက်ခဲ့ကြသည်။

သွေးလှူဒါန်းပွဲသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝေလင်းနှင့်အဖွဲ့သည် လာရောက် ကြည့်ရှုအားပေးခဲ့ကာ သွေးလှူဒါန်းကြသည့် ဌာနဝန်ထမ်းများအား အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှအားဖြည့်အချိုရည်၊ ကြက်ဥနှင့်အာဟာရပြည့်အစားအစာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ပါသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ခရိုင်အတွင်းရှိမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ သွေးလှူဒါန်းကြမည့်ဝန်ထမ်းများ၊  ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်းနှင့် တာဝန်ရှိသူများ၊ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းကြသော ဝန်ထမ်း(၂၄ )ဦးတို့ကို အားဆေး၊ ကိတ်မုန့်၊အားဖြည့်အချိုရည်နှင့် ကြက်ဥများကို တာဝန်ရှိသူများကပေး အပ်ခဲ့ကြကြောင်းနှင့် ဟင်္သာတခရိုင်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏(၃၅)နှစ်မြောက် ဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဌာနမှသက်ကြီးအငြိမ်းစား ဝန်ထမ်းများအား ကန်တော့လက်ဆောင်များပေးအပ်ခြင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဝန်ထမ်းများ၏ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ များကိုလည်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)