ကသာ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများ အား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက်(၇) နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သားကို ငွေကျပ် ၂၈၇၅ နှုန်းဖြင့် ဒေသခံ ပြည်သူများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချပေးနေမှုကို ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်းရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင်ကုန်ဈေးနှုန်း တည်ငြိမ်းရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက ယနေ့တွင် လူဦးရေ (၂၂၀၀) ဦးအား ရောင်းချပေးခဲ့ ကြောင်းနှင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ကသာမြို့နယ်အတွင်းရှိ ဝန်ထမ်းများအား (၉)ကြိမ်၊ ဒေသခံပြည်သူများအား (၁၁)ကြိမ်၊ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (၁)ကြိမ်၊ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ (၁)ကြိမ် စုစုပေါင်း (၂၂) ကြိမ် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကျော်စွာထွန်း(ကသာ)