ပေါင်းတည်၌ အခြေခံပညာ အထက်တန်းကျောင်း (မင်းကွက်) ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

ပေါင်းတည် နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းတွင် ကွင်းဆင်း၍ အခမဲ့ဆောင်ရွက်ပေးကြသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်းတည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဝင်း၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဒေါ်သန္တာလင်းနှင့်ဝန်ထမ်းများက အ.ထ.က (မင်းကွက်) ရှိ အသက် ၁၀ နှင့်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၁၂၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)