ကလေးဝ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မီးသုံးစွဲမှုများမှ မီးလောင်ခြင်း၊မီးလန့်ခြင်း များမဖြစ်ပေါ်စေရေး အတွက်ရပ်ကွက်အတွင်းနေအိမ်များ အားတစ်အိမ်တက်တစ်အိမ် ဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ ၆ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဒေသခံအရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင်များပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်ခြင်း၊ မီးလန့်ခြင်းများမဖြစ်ပွားစေရေးအတွက်မြို့ပေါ် ရပ်ကွက်များတွင် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
(မြို့နယ်ပြန်/ဆက်)