ဟင်္သာတ နိုဝင်ဘာ ၆
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းသည် အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်း ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ထွန်း လိုက်ပါလျက် ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လယ်တော် ပရိယတ္တိစာသင်တိုက်သို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး လယ်တော်ပရိယတ္တိစာသင်တိုက်ရှိ အောင်မင်္ဂလာတိုက် ကျောင်းဆောင်တွင် ဟင်္သာတမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒသိရီအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ လယ်တော်ပရိယတ္တိ စာသင်တိုက်ဝန်းအတွင်း၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၊ မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်)မှ တပ်မတော်ဆေးဘက်ဆိုင်ရာ ပါရဂူဆရာဝန်ကြီးများမှ ဟင်္သာတမြို့နယ်အတွင်းရှိ ဒေသခံပြည် သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။၊ ထို့နောက် လာရောက် ဆေးကုသမှု ခံယူသူများကို ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားခြင်းများပြုလုပ်ခဲ့ပြီး အလှူငွေနှင့် အစားအသောက် များ လှူဒါန်းခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် အလှူရှင်များလှူဒါန်းသော ထမင်းဘူးများနှင့် အချိုရည်များအား လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများထံသို့ တာဝန်ရှိသူများက ဆက်လက်ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့သည် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နတ်မော်လမ်းရှိ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာ မြို့နယ် တို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး Royal-D အားဖြည့် အချိုရည်နှင့် ကြက်ဥများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)