ရွှေဘိုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် မြို့နယ်အဆင့် လူရွေးပွဲပြုလုပ်

ရွှေဘို  နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အား ကစားသမားများ စေလွတ်နိုင်ရေးအတွက် အားကစားလေ့ကျင့်ပေးခြင်းနှင့် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပဏာမ လူရွေးချယ်ပွဲကို ယနေ့ နံနက်၇ နာရီအချိန်မှစ၍ အ.ထ.က (၅) နှင့် ရန်ကြီးအောင်ပန်းခြံတို့၌ ကျင်းပဆောင်ရွက်ခဲ့သည်။

လူရွေးပွဲတွင် မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူများက ဘော်လုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်စသည့်အားကစားနည်းများဖြင့် ယှဉ်ပြိုင်လျက်ရှိရာ ခရိုင်/မြို့နယ်ပညာမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲများတွင် သက်ဆိုင်ရာ အားကစား နည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည်၊ ခရိုင်အဆင့်တွင် ထပ်မံရွေးချယ်ခံပြီး တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအား ကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်