ငပုတော နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဈေးများတွင် မီးဘေးလုံခြုံ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးအသုံးချမှုနှင့် အသိပညာပေး ဟောပြောခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကိုယနေ့နံနက်ပိုင်းက မြို့မစျေးတွင်ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်က အသိပညာ ပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ရခြင်းနှင့် စျေးသူစျေးသားများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေအတွက် လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီများ၊ ဈေးလုံခြုံရေးဝန်ထမ်းများ၊ ဈေးသူ/သားများ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။
အောင်သူ (ပြန်/ဆက်)