သာယာဝတီမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ

သာယာဝတီ နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သာယာဝတီမြို့နယ်၊ ငဖြူကလေးအုပ်စု၊ ငဖြူကလေးရွာ၊ သစ်စိမ့်ကုန်းအုပ်စု ကျီကမ္မကျေးရွာနှင့် စာဖြူုကျေးရွာ အခြေခံပညာမူလတန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ​အကျယ်တဝင့် ရှင်းလင်းဟောပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ နန်းခိုင်ဇာလင်းက သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို စက္ကူပြဇာတ်ပြသခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်း၊ ပုံပြင်များပြောပြခြင်းများကို ဆောင်ရွက်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာ‌စောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးအထိမ်းအမှတ် နံရံကပ်စာစောင်များအား ပြသရာကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)