ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်ဆုရရှိသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း    နိုဝင်ဘာ     ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ် ပြုသောအားဖြင့်ဗဟိုအဆင့် အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ နာရေးကူညီမှုအသင်းသို့ အအေးခေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က မြို့နယ်ဂုဏ်ဆောင်ဆုတံ ဆိပ်များရယူပေးနိုင်သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက် ကြောင်း၊ မြန်မာတို့၏ ရိုးရာအနုပညာရပ်များကိုကျင်းပ၍ စောင့်ရှောက်ပေးခြင်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးတို့ရဲ့ အမျိုးသားရေးဂုဏ်သိက္ခာကို မြှင့်မားထည်ဝါစေမှာဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာများကို ပိုမိုအားပြည့်ခိုင်မာလာစေရန်နောင်နှစ်တွင်လည်း မြို့နယ်ကိုယ်စားပြု အနေဖြင့်ဝင် ရောက်ယှဥ်ပြိုင် ကြရန်နှင့် မိမိမြို့နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးကြပါရန် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီးနောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေး အပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ မြို့နယ်နာရေးကူညီမှုအသင်းဒု ဥက္ကဌ ဦးဝင်းဆွေထံသို့ အအေးခေါင်းအား  လက်ဝယ်အရောက် ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)