(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေး

ဖြူး နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှစ်ပတ်လည်နေ့သည် နိုဝင်ဘာလ(၇)ရက်နေ့တွင် ရောက်မည်ဖြစ်ရာ ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ပျော်ပွဲရွှင်ပွဲတစ်ခုအနေဖြင့် မြန်မာ့ရိုးရာ အားကစားနည်းတစ်ခုဖြစ်သော ထုပ်စည်းထိုးပြိုင်ပွဲကို  နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၈)နာရီကစတင်ကာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထုပ်စည်းထိုးပြိုင်ပွဲတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ရပ်ကွက်/ ကျေးရွာ စာရေးများအသင်း၊ ကညွတ်ကွင်းမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်း၊ ဇေယျဝတီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပထမဆုရ ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်း၊ ဒုတိယဆုရဇေယျဝတီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ တတိယဆုရ ကညွတ်ကွင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းတို့အား  ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္ကဋ္ဌ ဒေါ်ဒေဝီမေနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)