ဘိုကလေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူးနှင့် ဒုမဲရုံမှူး တာဝန်ထမ်းဆောင်မည့်သူများအား သင်တန်းပို့ချ

ဘိုကလေး အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် နာရီခွဲ အချိန်မှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူးနှင့် ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေး ဝန်ထမ်းများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ  သင်တန်းပို့ချသည်။

အဆိုပါ သင်တန်းတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ မဲရုံသုံးပုံစံများ ရေးသွင်းခြင်းနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်ဆိုင်ရာများအား ပို့ချသင်ကြား သွားမည်ဖြစ်ကြောင်း၊ ဘိုကလေး မြို့နယ်တွင် မဲရုံ(၃၆၁)ရုံရှိပြီး ထိုမဲရုံများတွင် တာဝန်ထမ်းဆောင်ကြရမည့် မဲရုံမှူး၊ ဒုမဲရုံမှူး စုစုပေါင်း (၇၂၃)ဦးအား အုပ်စုများ ခွဲကာ ယနေ့မှစတင်၍ အောက်တိုဘာ (၂၃)ရက်နေ့ ညနေပိုင်းထိ အချိန်များခွဲ၍()ရက်ကြာ ဖွင့်လှစ် သင်ကြားသွား မည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူးထံမှ သိရသည်။

မိုးစက်(ဘိုကလေး)