အင်္ဂပူ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံအတက်ရောဂါ (EPILEPSY) စီမံချက် အကြောင်းရှင်းလင်းခြင်းနှင့် လုပ်ငန်းစတင်ခြင်း အခမ်းအနားပြုလုပ်ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက အင်္ဂပူမြို့နယ် အတွင်းဆောင် ရွက်မည့် မြန်မာနိုင်ငံအတက်ရောဂါ (EPILEPSY) စီမံချက် အကြောင်းအားရှင်းလင်းတင် ပြခဲ့သည်။ ထို့နောက် အတက်ရောဂါပညာပေး Video ပြသခဲ့ပြီးအတက်ရောဂါအကြောင်း အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အမျိုးသမီးရေးရာအသင်းနှင့်မိခင်နှင့် စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးအောင်၊ လူမှုရေးအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်အတွင်း၌ အတက်ရောဂါစီမံချက်အား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)