ရွှေတောင် နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ရွှေတောင်) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade(5) မှ Grade (9) အထိ အင်္ဂလိပ်စာဘာသာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၁၈)ဦးနှင့် သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၄၂)ဦး၊ စုစုပေါင်း (၂၆၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများထဲမှ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ထူးချွန်သူများကို ရွေးချယ်၍ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)