ပေါင်းတည်၌ အခြေခံပညာကျောင်း အားကစားပြိုင်ပွဲများအတွက် မြို့နယ်အဆင့်လူရွေးပွဲများ ဆက်လက်ကျင်းပ

ပေါင်းတည် နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၃-၂၀၁၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ အားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့် လူရွေးပွဲများကို မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့သည်။

ယနေ့တွင် မြို့နယ်အခြေခံပညာကျောင်း အားကစားကော်မတီမှ ကြီးမှူး၍ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြေးခုန်ပစ် (ကျား၊ မ) ပြိုင်ပွဲများကျင်းပ၍ စံချိန်ယူ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ် (ကျား၊ မ) လူရွေးချယ်ရေးပြိုင်ပွဲများကို မြို့နယ်အားကစားခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူရွေးချယ်ပြိုင်ပွဲများကို ၂၀၀၆ ခုနှစ်တွင် မွေးဖွားခဲ့သူ ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ စိတ်အားထက်သန်စွာဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရကြီး (ပြန်/ဆက်)