မြိတ် နိုဝင်ဘာ ၆
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အားမြိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံး (အစည်းအဝေးခန်းမ)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဖြိုးနိုင်ဌေးက အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတွင်ဘာသာရပ် (၁၄) မျိုးအား စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်းနှင့် မြိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မိမိတို့ဌာနနှင့် လက်တွဲဆောင်ရွက်မည့် လူမှုရေးအသင်းအဖွဲ့များကို လက်ရှိတွဲခေါ်ယူသည့်အနေဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် စုစုပေါင်း သင်တန်းသား(၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ရက်သတ္တ (၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မေသန္တာအောင်