ပေါင်းတည် နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးဆေးထိုးစုရပ်၌ မွေးစအရွယ် အသက် ၂ လမှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက် ၈ နာရီမှ စ၍ပုံမှန်ကာ ကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုသည် မွေးစက အသည်းရောင်အသည်းဝါ (ဘီ) မထိုးနှံခဲ့ရသော အသက် ၂ လ ကလေးများအပါအဝင်၊ အသက် ၂ လ၊ ၄ လနှင့် ၆ လ၊ ကလေးများကို ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) နှင့် ငါးမျိုးစပ် ကာကွယ်ဆေးများ၊၉လ အရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် ၁ နှစ်ခွဲကလေးများကို ငါးမျိုးစပ် ကာကွယ်ဆေးများကို ပုံမှန်ဆေးထိုးနှံပေးခြင်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။
ယနေ့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစုရပ်၌ အသက် ၂ လ အရွယ်မှ ၁ နှစ်ခွဲအထိ စုစုပေါင်း ရင်ခွင်ပိုက်ကလေး ၉၉ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးတို့ကို ပုံမှန်ကာကွယ်များ ထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)