လပွတ္တာ နိုဝင်ဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေး သင်တန်းအမှတ်စဉ် (၉)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၆)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၆)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ် (၁၁)နှင့် လက်ကိုင် ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲကို လပွတ္တာခရိုင် (၃) မိုင်မြို့သစ် စက်မှုလက်မှု ပညာသင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က “ဒေသတွင်းစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာမှာ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေဖို့ သင်တန်းဆင်းပြီး သွားရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည် ဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်။ သင်ကြားပေးမယ့်သင်တန်း များအနေနဲ့ လျှပ်စစ် သင်တန်းမှာ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ ရေခဲသေတ္တာနဲ့ Air-con ပြုပြင်ခြင်းဘာသာရပ်များ၊ ဂဟေသင်တန်းမှာဆိုရင် လျှပ်စစ်ဂဟေနဲ့ ဓာတ်ငွေ့ဂဟေဘာသာရပ်များ၊ မော်တော်ယာဉ်စက်ပြင်သင်တန်းမှာဆိုရင် အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့ မီးစနစ် ပိုင်းများ၊ လက်ကိုင်ဖုန်းပြင်သင်တန်းမှာဆိုရင် Hardware/ Software ပိုင်းများကို အခြေခံမှစ၍ ကျွမ်းကျင်စွာပြုပြင်နိုင်သည် အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားပေး သွားမှာဖြစ်ပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းသား(၃၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၂)ပတ်ကြာ ဖွင့်လှစ်၍ လက်တွေ့ ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံစွာ ထောက်ပံ့ပေးပြီး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
လပွတ္တာ ခရိုင်(ပြန်/ဆက်)