ပလောက် နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ဝါးကုန်းကျေးရွာ၌ မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဝါးကုန်းကျေးရွာ ကွင်းအမှတ် (၇၄၅.က)၊ ဦးပိုင်အမှတ်(၃၄)ရှိ တောင်သူ ဒေါ်ခင်ဌေး၏လယ်တွင် ဆင်းသုခမျိုး Seeder (တိုက်ရိုက်မျိုးစေ့ချစိုက်ခင်း) (၆.၆)ပေစံပြကွက်ကို ရိတ်သိမ်းခဲ့ရာ အစိုချိန်ထွက်နှုန်း (၁၂၉) တင်းနှုန်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသက်လွင်နှင့်ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးသော်ဇင်ထွန်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)